ရွှေတောင် ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရွှေတောင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်း ဦးဆောင်၍ မြို့နယ်ရုံး/ စခန်းရှိ တပ်ဖွဲ့ဝင်များမှ ရွှေတောင်မြို့နယ်တွင် စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးသတ်ပစ္စည်းကိရိယာဖြစ်သည့် မီးသတ်ဆေးဘူးများဖြင့် စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများအား ကိုယ်တိုင်လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးငြှိမ်းသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများ ပြုလုပ်ပေးခဲ့ပြီး မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)