ဆိပ်ဖြူ ဇန်နဝါရီ ၃၀
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအသိ မီးဘေးသတိဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် အသိပညာပေးနှိုးဆော်သတိပေးခြင်းကို ယမန်နေ့ ည ၇ နာရီက လှည့်လည်အသိပေးဆောင်ရွက်သည်။
အဆိုပါအသိပညာပေးလုပ်ငန်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးအေးမင်းမောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့မ မီးသတ်စခန်းမှူး ဦးဖြိုးဝေအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းခြောက်သွေ့သောရာသီသို့ မကြာမီအချိန်ကာလ၌ ရောက်ရှိတော့မှာဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်ဥစ္စာများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးအသိ မီးဘေးသတိဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် မိမိတို့နေအိမ်များတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာများဝန်အားမျှတစွာအသုံးပြုရေးနှင့် မလိုအပ်ပါက စနစ်တကျပိတ်ထားစေရန်၊ နေ့စဉ်စားသောက်မှု ချက်ပြုတ်ရာ၌ လျှပ်စစ်မီးအားများ၊ မီးကြွင်းမီးကျန်များ စနစ်တကျသုံးစွဲရေး၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်းမပြုလုပ်ရေး၊ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေထိုင်ရေးအစရှိသည်တို့အပါအဝင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ပြည့်စုံစွာထားရှိသွားရန်နှင့် အရေးပေါ်အခြေအနေသို့ ရောက်ရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးသတင်းပို့ဆောင်ရွက်နိုင်ရန်တို့ကို အသိပေးနှိုးဆော်ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ကိုဇွဲ(အညာမြေ)