မြန်အောင် ဇန်နဝါရီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်-ရွှေပြည်သာရေနံမြေ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR)ရန်ပုံငွေဖြင့် လှူဒါန်းသော Projector နှင့် ဆက်စပ်ပစ္စည်းတစ်စုံအား မြို့နယ်ပြန်/ဆက်ဦးစီးဌာနသို့ ပေးအပ်ပွဲကို ယမန်နေ့နေ့လည် ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြပွဲပြိုင်ပွဲများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများနှင့်အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်အောင်-ရွှေပြည်သာရေနံမြေ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် လူမှုရေးတာဝန်သိမှု(CSR)ရန်ပုံငွေ (၁,၅၄၇,၀၀၀)ကျပ် ဖြင့်လှူဒါန်းသော Projector နှင့် ဆက်စပ်ပစ္စည်းတစ်စုံအားမြန်အောင်-ရွှေပြည်သာရေနံမြေ အင်ဂျင်နီယာမှူး (လျှပ်စစ်) ဦးမျိုးမြင့်ဦးကပေးအပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဗိုလ်(မြန်အောင်)