သတင်းများ

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး  ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ်ဓာတ်၊ စည်းကမ်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးသီတင်းပတ်အဖြစ် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း ဆောင်ရွက်
Jan 30,2024
နိုင်ငံတော်အတွင်း နှစ်စဥ် မီးလန့်/ မီးလောင်မှုများ ဖြစ်ပွားပေါ်ပေါက်လျှက်ရှိရာ ထိုမီးလန့်/ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ နိုင်ငံနှင့်အ၀ှမ်း ၂၉.၁.၂၀၂၄ ရက်နေ့မှ ၂.၂.၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် မီးဘေးကြိုတင်ကာကွယ်ရေးသီတင်းပတ်အဖြစ် တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းဟောပြောခြင်း ညစဥ် ၇ နာရီအချိန် မီးသတိပေးလှည့်လည်ဆော်သြခြင်းများကို ပြုလုပ်လျှက်ရှိသည်
National ICT Awards-2023 ပြိုင်ပွဲ၏ အထက်တန်းအဆင့်၌ ပထမဆုရရှိခဲ့သည့် အ.ထ.က(ပထက်)မှ ကျောင်းသူအား မြိတ်လေဆိပ်တွင် ဂုဏ်ပြုကြိုဆို
Jan 30,2024
National ICT Awards - 2023 (Educational Project & Skills Competition) ပြိုင်ပွဲ၏ အထက်တန်းအဆင့်၌ ပထမဆုရရှိခဲ့သည့် အ.ထ.က(ပထက်) ကျောင်းမှ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ကျောင်းသူမနီလာရွှေ Grade 11 အား နေပြည်တော်မှ ဆုယူပြီး ပြန်လည်ရောက်ရှိလာရာ မြိတ်လေဆိပ်တွင် ယနေ့နံနက်ပိုင်းက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ရှမ်းရွာသစ်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်
Jan 30,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqP) သင်တန်းဖွင့်ပွဲကျင်းပ
Jan 30,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွ​မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqP) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွာငံမြို့တွင် Biometric Data ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်း အရှိန်အဟုန်​ဖြင့် ဆက်လက်ဆောင်ရွက်
Jan 30,2024
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​​ဒေသ၊ ရွာငံမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြို့နယ်အတွင်း နေထိုင်သူများအား ဇီဝဆိုင်ရာအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လိပ်သိုမြို့၌ ဒေသထွက် ကျောက်ဖရုံသီးများ ဈေးကောင်းရရှိ
Jan 30,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှာ တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဥယျာဉ်ခြံလုပ်ငန်းအပြင် တောင်ယာလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ကြရာ တောင်ယာခင်းများတွင် သီးညှပ်စိုက်ပျိုးထားသော ကျောက်ဖရုံသီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ပလောက်မြို့တွင်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ်အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာအုပ်စု ဖိတ်ခေါ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက် ၇ နာရီအချိန်က  ပလောက်မြို့၊ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပခဲ့သည်။