သုံးခွ ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqP) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး သန်လျင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွေးနွေးမြင့်သိန်းက ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော ငါးမျိုးစိုက်ထည့်ခြင်းနှင့် အသိပညာပေး၊ အတတ်ပညာပေးသင်တန်းများကို နှစ်စဥ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းဆရာမများအနေဖြင့် ကဏ္ဍအလိုက်လုပ်ငန်းခွင်တွင် ကျွမ်းကျင်သော အရာထမ်းများဖြစ်သည့်အတွက် သင်တန်းပို့ချရာတွင် လက်တွေ့အကောင်ထည်ဖော် ဆောင်ရွက်နိုင်မည့် သင်တန်းများကို ပို့ချခြင်းကြောင့်လုပ်ငန်းခွင်တွင် ပြန်လည်အသုံးပြုသည့်အခါများစွာ အကျိုးရှိမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားအပြီးတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (GAqP) သင်တန်းကို ဆက်လက်ဆောင်ရွက်ရာ သင်တန်းဆရာမ ၃ ဦးက ပရိုဂျက်တာဖြင့် ရှင်းလင်းသင်ကြားပို့ချခဲ့သည်။ အဆိုပါသင်တန်းကို ကျေးရွာ (၁၀) ရွာမှ ငါးမွေးမြူရေးသင်တန်း သား/ သူ ၃၀ ဦးတက်ရောက်ခဲ့ပြီး ၂၀၂၄ - ခုနှစ်ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ သုံးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)