Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မန်းရွှေစက်တော်ဘုရားကြီးတွင် တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိပြီး ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်
Jan 29,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပစဉ်ကာလ ဘုရားဖူးလာရောက်ကြသူများ တည်းခိုနားနေနိုင်ရန် မန်းချောင်းသောင်ပြင်အတွင်း၌ တည်းခိုဆောင်နှင့် ဈေးဆိုင်ခန်းများ ဆောက်လုပ်လျက်ရှိပြီး ဘုရားပွဲတော်ကာလ ဘုရားဖူးများအား ညအိပ်တည်းခိုခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့ရှိ စည်ပင်သာယာမြို့မစျေးများတွင် မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေး
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ရှိ စည်ပင်သာယာမြို့မစျေးများတွင် မီးလန့်/မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယမန်နေ့နေ့လည် (၁၁)ခွဲအချိန်တွင် ချောင်းဝ၊ ပြင်ခရိုင်၊ အုတ်တွင်း ကျေးရွာအုပ်စုများသို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နေ့လည် (၁) နာရီမှ စတင်၍ ကျိုက်လတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မစိုးရိမ်ကျောင်းတိုက်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သနပ်ပင်မြို့မစျေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံမှု ရှိ/မရှိ လိုက်လံစစ်ဆေး
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် သနပ်ပင်မြို့မ စျေးကြီး အတွင်း/အပြင် လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသော ဆိုင်များသို့ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံးဆီများ၊ အခြားအမှတ်တံဆိပ်ပါ လူသုံးကုန်ပစ္စည်းများတွင် ဆေးဝါးမှတ်ပုံတင် ရှိ၊ မရှိ၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန် လုပ်ငန်းများနှင့်တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့နယ်၊ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 29,2024
ကချင်ပြည်နယ်၊ ချီဖွေမြို့၊ အမှတ်(၂) အခြေခံပညာ မူလတန်းကျောင်းရှိခန်းမ၌ လူငယ်လူရွယ် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့ပေါ်ရပ်ကွက် လူဦးရေအိမ်ထောင်စုစာရင်းစစ်ဆေးကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်
Jan 29,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးမိုးနှင့်ဝန်ထမ်းများအဖွဲ့က ယနေ့တွင် အမှတ်(၇)စက်ကွင်းရပ်ကွက်၌ လူဦးရေအိမ်ထောင်စုစာရင်းစစ်ဆေးကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့၌ မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jan 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မီးသတ်ဦးစီးဌာနမှ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားအား မြို့နယ်မီးသတ်စခန်း၌ ယနေ့နံနက် (၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7197
Page
7198
Page
7199
Page
7200
Current page
7201
Page
7202
Page
7203
Page
7204
Page
7205
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department