ချီဖွေမြို့နယ်၊ အမှတ်(၂) အခြေခံပညာ မူလ‌တန်းကျောင်းတွင် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲကျင်းပ

ချီဖွေ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ ချီဖွေမြို့၊ အမှတ်(၂) အခြေခံပညာ မူလ‌တန်းကျောင်းရှိခန်းမ၌ လူငယ်လူရွယ် ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးရေးအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ချီဖွေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းထူးက မူးယစ်ဆေးဝါအန္တရာယ်၊ လူကုန် ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူး ခံရနိုင်သည့် အသက်အရွယ် အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ် လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ကလေးသူငယ်အခွင့်အရေးနှင့် သက်ငယ် မုဒိမ်းမဖြစ်ပွားရေးအကြောင်းတို့ကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးက ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတအကြောင်းအရာများ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ချီဖွေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းထူးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဂွါဇာလေးနှင့် ကျောင်းဆရာ/ မ များ ကျောင်းသား၊ ကျောင်းသူ (၅၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယော်ကိ (ပြန်/ဆက်)