ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန်အတွက် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ယမန်နေ့နေ့လည် (၁၁)ခွဲအချိန်တွင် ချောင်းဝ၊ ပြင်ခရိုင်၊ အုတ်တွင်း ကျေးရွာအုပ်စုများသို့ ကွင်းဆင်းသွားရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် ချောင်းဝ၊ ပြင်ခရိုင်နှင့် အုတ်တွင်းကျေးရွာများရှိ ပိုက်ဆံလျှော် စိုက်ခင်း၊ နေကြာစိုက်ခင်းနှင့် မြေပဲစိုက်ခင်းများ ဖြစ်ထွန်း အောင်မြင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများသည် သိန်း ၉၀၀ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)