လပွတ္တာ ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ရှိ စည်ပင်သာယာမြို့မစျေးများတွင် မီးလန့်/မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာ၌ လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဦး၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်၊ ခရိုင်ဘေးစီမံဦးစီးမှူး ဦးစည်သူဝင်း၊ ဒုမြို့နယ်အုပ်ချုပ် ရေးမှူး ဦးခိုင်ထူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိမ်းကိုကို ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက လပွတ္တာမြို့နယ်အတွင်းရှိ ရေပေါ်ဈေး၊ မြို့မဈေးနှင့် အောင်ဇေယျ စျေးတို့တွင် အတွင်း/အပြင်ရှိ ဈေးဆိုင်ခန်းများ၊ ပျံကျဈေးသည်များအား မီးသတ်ဆေးဘူးများ၊ လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျသုံးစွဲကြရန်နှင့် ဈေးအတွင်း တပ်ဆင်ထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို အရေးပေါ်အသုံးပြုနိုင်ရန်အတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)