ပင်းတယမြို့နယ်၌ ချယ်ရီပန်းများ ဝေဆာဖူးပွင့်လျက်ရှိ
Jan 30,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အပြင့် (၃၈၈၀)ပေ၌ တည်ရှိပြီး ရာသီဥတုကောင်းမွန်ကာ သန့်ရှင်းသာယာလှပသည့် မြို့တစ်မြို့ဖြစ်ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍ ပင်းတယမြို့ပေါ်နှင့်ဘေးပတ်ဝန်းကျင်များတွင် ချယ်ရီပန်းများ စတင်ဖူးပွင့်လျက်ရှိကြောင်း သိရသည်။