ကလိန်အောင် ဇန်နဝါရီ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးက ကျောင်းသား/သူများ အားလပ်ချိန်တွင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်/စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာကြွယ်ဝခြင်း၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ခြင်းနှင့် သွက်လက်/ဖြတ်လတ်သည့် ကလေးများဖြစ်စေရေး စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြင့် ပြောကြားသည်။ ထို့နောက် ကျောင်းသား/သူများက မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်အသီးသီးဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယှဉ်ပြိုင်ကြရာအကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သော ကျောင်းသား/ကျောင်းသူများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)