မိုင်းခတ်၌ မီးဘေးအန္တရာယ်ကင်းဝေးစေရေး လိုက်လံအသိပေးနှိုးဆော်

မိုင်းခတ် ဇန်နဝါရီ ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်မှုကို ယမန်နေ့ညနေပိုင်းက ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းတာဝန်ခံ ဦးစိုင်းဇင်ကိုလတ်ဦးဆောင်၍ အဖွဲ့ဝင် (၅) ဦးတို့က ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့်လှည့်လည်၍ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများကို စနစ်တကျငြိမ်းသတ်ပြီးမှအိပ်ကြရန်၊ လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်၊ တရားမဝင် လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်း ဆေးလိပ်သောက်သုံးခြင်းမပြုလုပ်ရန်၊ မိမိတို့နေအိမ်ပတ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားရှိရန်နှင့် အမှိုက်များမီးရှိုလိုပါကလည်း မြို့နယ်မီးသတ်ဦးစီးဌာနထံသို့ သတင်းပေးပို့ ဆောင်ရွက်သွားရန်တို့ကို အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)