မင်းတုန်း ဇန်နဝါရီ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ ၃ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဟန်ဇာကျော်နှင့် ၀န်ထမ်းများ၊ မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် မြို့နယ်လျှပ်စစ်မှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် MD Power စက်သုံးဆီအရောင်းဆိုင်၊ ABC စက်သုံးဆီ အရောင်းဆိုင်နှင့် နတ်ရေကန် စက်သုံးဆီအရောင်းဆိုင်တို့တွင် မီးသတ်ဆေးဘူးထားရှိမှုနှင့် အပေါ့စားမီးငြှိမ်းသတ်စက် ကောင်းမွန်မှု ရှိ၊ မရှိ၊ ရေသိုလှောင်ထားရှိမှု၊ လျှပ်စစ်ဝါယာရိန်းများ ကောင်းမွန်မှု ရှိ၊ မရှိ တို့အား စစ်ဆေးခဲ့ကြပြီး မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားရန် အသိပေးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)