ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကျင်းပ

ကဝ ဖေဖော်ဝါရီ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄)ဆင်းပွဲအခမ်းအနားကို  ယနေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကိုမင်းက သင်တန်းဆင်းပွဲအမှာစကားပြောကြား၍ ဆုရရှိသူများကို ဆုတံဆိပ်များချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သင်တန်းသားများကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ဒုရဲအုပ်မျိုးကျော်ကျော်က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးမင်းသူက တူညီဝတ်စုံများပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကဝမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသားများ စုစုပေါင်း (၃၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)