သတင်းများ

မိုင်းပန်မြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပ
Feb 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို မြို့နယ်စဝ်ကောလီခန်းမပန်းခြံ၌ ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ ကျောင်းအခြေပြုသဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေး ပညာပေးအစီအစဉ်ဟောပြောခြင်းနှင့်လက်တွေ့ဇာတ်တိုက်လေ့ကျင့်
Feb 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ကျောင်းအခြေပြုကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးပညာပေးအစီအစဉ်ဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပသည်။
တပ်ကုန်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Feb 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ကျင်းပခဲ့သည်။
ကျိုင်းတုံမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 07,2024
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင်  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာနမှ မြို့အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Feb 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ  မြို့အတွင်း  မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျသုံးစွဲမှုရှိမရှိ ကွင်းဆင်းစစ်ဆေးမှုအနေဖြင့် ယမန်နေ့နံနက် (၁၀း၀၀) နာရီကမီးသုံးစွဲမှုများပြားရာဟိုတယ်များ၊ တည်းခိုဆောင်များ၏ မီးသုံးစွဲမှု အခြေအနေများအား လိုက်လံစစ်ဆေးခဲ့သည်။
မကွေးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Feb 07,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၌ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မိဘပြည်သူများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ မီးလောင်မှုမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက မြို့မဈေးကြီးနှင့် Max Energy စက်သုံးဆီဆိုင်သို့ သွားရောက်၍ မီးဘေးအန္တရာယ်စစ်ဆေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 07,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းဆတ်မြို့၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ
Feb 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်တွင် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက်(၇)နာရီက ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။