တပ်ကုန်း ဖေဖော်ဝါရီ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ကျောင်းအခြေပြုကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးပညာပေးအစီအစဉ်ဟောပြောခြင်းနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟိန်းအောင်ကျော်က မီးလောင်မှုအခြေအနေများ၊ မီးငြှိမ်းသတ်နည်းလမ်းများ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်တတ်သည့်အကြောင်းများ ဟောပြောခဲ့ပြီးနောက် ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ဒေါ်သက်နှင်းဦးတို့က ကျောင်းသား၊ ကျောင်းသူများအား မီးသတ်ဆေးဗူးလက်တွေ့ကိုင်တွယ်ပက်ဖျန်းခြင်း၊ သဘာဝဘေးအန္တရာယ်များ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အိမ်ရှိရေသန့်ဗူးများဖြင့် အရေးပေါ်အသက်ကယ်အင်္ကျီပြုလုပ်နည်း၊ အရိုးကျိုးဒဏ်ရရှိသူအား အိမ်တွင်ရှိသောပစ္စည်းများဖြင့် ရှေးဦးသူနာပြုစုနည်း၊ စောင်ဖြင့်လူနာသယ်ဆောင်နည်းများ၊ သဘာဝဘေးအရေးပေါ်အခြေအနေတွင် ကိုယ်၌တစ်ပါးတည်း သယ်ယူရမည့်ပစ္စည်း ၁၇ မျိုး ခင်းကျင်းပြသရှင်းလင်းပြီး၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ပေးခဲ့ပြီး၊ ရှားတောကျေးရွာအခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရပြီး၊ အလားတူ မွန်းလွဲပိုင်းတွင် ညောင်ပင်သာကျေးရွာအခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းအခြေပြုကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးပညာပေးအစီအစဉ် ဟောပြောခြင်းနှင့်လက်တွေ့ဇာတ်တိုက်လေ့ကျင့် ခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်