သတင်းများ

(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကွန်ဟိန်းမြို့၌ ကျင်းပ
Feb 07,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင်(၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်(၇:၀၀)နာရီက အမှတ်(၃)ရပ်ကွက်ရှိ နမ့်ပန်ခမ်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရေဦးမြို့ အောင်ဆန်းရပ်ကွက် (၅)လမ်းတွင် မီးလောင်မှုဖြစ်ပွား
Feb 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့ အောင်ဆန်းရပ်ကွက်(၅)လမ်းတွင် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီခန့်က လူနေအိမ်တစ်လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌ ကပစ(၁)မှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်းနှင့် တာဝန်ရှိသူများ ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်း
Feb 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာဘုန်းကြီးကျောင်းတွင် ကပစ(၁)မှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်းနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ဆန်တစ်အိတ်၊ ဆီနှစ်ပိဿာ၊ ကုလားပဲသုံးပြည်၊ နို့ဆီရှစ်ဗူး၊ ဝတ္ထုငွေ ၅၀၀၀၀ ကျပ်အား အဆိုပါကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံ ဆက်ကပ်လှူဒါန်းခဲ့သည်။
မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) အဖိုး/အဖွားများကို အခမဲ့ ဆေးကုသပေး
Feb 07,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းခတ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကျင်းပ
Feb 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မိုင်းခတ်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အမာမြို့၊ အခြေခံပညာအထက်တန်း‌ကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ
Feb 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ယမန်နေ့နံနက် (၁၁)နာရီက ပန်းချီပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
ကသာမြို့တွင် ဆင်းဧကရီ-၃ R-S စပါးမျိုးသန့်စင်၍ တောင်သူများထံ မျိုးအဖြစ်ဖြန့်ဖြူးရောင်းချပေး
Feb 07,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးစေ့သန့်စင်စက်ကို ၂၀၂၂-၂၀၂၃ ခုနှစ်မှ စတင်၍ မျိုးစေ့သန့်စင်မှုလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ဆင်းဧကရီ-၃ R-S စပါးမျိုးတင်း ၂၀၀ ခန့်နှင့် C-S စပါးမျိုးတင်း ၅၀၀ ခန့်သန့်စင်၍ တောင်သူများထံသို့ မျိုးစပါး အဖြစ် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်​ ရေနားကျေးရွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (အ.မ.က) မူလွန်ကျောင်း၊ ကျောင်းဆောင်းသစ် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား
Feb 07,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရေနားကျေးရွာအုပ်စု၊ ရေနားကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၊ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အခြေခံပညာဦးစီးဌာနမှ မူလတန်းလွန်ကျောင်းဆောင်သစ် လွှပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့မန်နေ့ နံနက် (၁၁) နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း (RCC-တစ်ထပ် (Lon Post) (၁)ထပ်ကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။