တပ်ကုန်းမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ရှားတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် အမှတ် (၃) လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က လူကုန်ကူးမှုနှင့်လူမှောင်ခိုမှုအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း) က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်၊ ရွှေမြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ် ထက်အောင်သူက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေးနှင့် မှုခင်းကျဆင်းရေးအကြောင်းတို့ကို ရှင်းလင်းဟောပြောခဲ့ပြီးနောက်   ရှားတောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲသည်။

ထိုဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်၊ စာစောင်များအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်