သရက်ချောင်း ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက အခမ်းအနားသို့တက်ရောက်လာသူများအား ကျောင်းကျန်းမာရေးလုပ်ငန်းများ၏ ရည်ရွယ်ချက်၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီနှင့် ကျောင်းအဆင့်ကော်မတီများ ဖွဲ့စည်းထားရှိမှု၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီ၏ တာဝန်နှင့် ဝတ္တရားများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များ၊ ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း ရည်မှန်းချက်များ၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း ရည်မှန်းချက်များ၊ ကူးစက်ရောဂါကာကွယ်ရေး ရည်ရွယ်ချက်၊ မကူးစက်သောကာကွယ်ရေးလုပ်ငန်းများ၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားစာများ အန္တရာယ်ကင်းရှင်းရေးလုပ်ငန်း၊ ကျောင်းတွင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ကျန်းမာရေးအဆင့်မြှင့် ကျောင်းထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ခြင်းနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)