သတင်းများ

ပေါက်ခေါင်းမြို့နယ်တွင် ပဲကြီးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း
Feb 23,2024
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများ၏ အဓိကစိုက်ပျိုးသီးနှံများအနက် တစ်ခုဖြစ်သည့် ပဲကြီးသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယခုရောင်းချရချိန်၌ တစ်တင်းလျှင် ကျပ် ၁၂၀၀၀၀ ထိ ဈေးကောင်းရရှိကြောင်း ပဲကြီးစိုက်တောင်သူများထံမှ သိရသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နန္ဒာခေတ်မီစံပြကျေးရွာ (SMART Village) ရှိ ဒေသခံပြည်သူများဖြင့် တွေ့ဆုံ
Feb 23,2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပုသိမ်ကြီးမြို့နယ်၊ နန္ဒာခေတ်မီစံပြကျေးရွာ (SMART Village) ရှိ ဒေသခံပြည်သူများဖြင့် တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်ကျောင်းတိုက်ရှိ မယ်ရွဲဓမ္မာရုံ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
မော်လိုက်မြို့၌ နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်
Feb 23,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေနံနက် (၀၉:၃၀)နာရီအချိန်က ခရိုင်အမျိုးသမီးရေးရာရုံး၌ ပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Feb 23,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးကြီးနှင့်လူစည်ကားရာနေရာများ ဆိုင်ကယ် TAXI ဂိတ်များတွင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ရွှေပြည်သာမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ
Feb 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ‌ရွှေပြည်သာမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေပြည်သာမြို့နယ် လူစည်ကားရာနေရာများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေ‌ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့၌  ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Feb 23,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်မြို့သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
တွန်းဇံမြို့ လူထုအ‌ခြေပြုဗဟိုခန်းမ၌ စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲ ပြုလုပ်
Feb 23,2024
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်သည့် အလေ့အထ ရရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယနေ့ နေ့လည်(၁၁) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။