မော်လမြိုင် ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်မြို့သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာအခမ်းအနားတွင် မော်လမြိုင်မြို့သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာနှင့် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-10 ကျောင်းသား၊ ကျောင်းသူများဖြစ်သော မောင်ဟိန်းထက်ဇော်၊ မစံဝတီထိပ်ထား၊ မောင်ဟိန်းထက်အောင်၊ မချစ်စုကေခိုင်နှင့် မောင်ကျော်ထက်စံတို့က ကဗျာအလှ၊ သုတ၊ ရသနှင့် စာဆိုရှင်များအကြောင်း ခေါင်းစဉ်ဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)