ဖြူး ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ပင်သာကျေးရွာအုပ်စု၊ ကျွဲနွယ်ဂုတ်ကျေးရွာသို့ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ (၉) ကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေထုတ်ချေးရာတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်မျိုးအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြစိမ်းရောင်စီမံကိန်းမတည်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ၏အတည်ပြုချက်ဖြင့် ကျွဲနွယ်ဂုတ်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းအတွက် (၇၄)ဦး၊ မွေးမြူရေးလုပ်ငန်းအတွက် (၂၇)ဦး စုစုပေါင်းမြစိမ်းရောင်စီမံကိန်းအသင်းသား(၁၀၁)ဦးထံသို့ စုစုပေါင်း ချေးငွေကျပ်(၄၂၅) သိန်းအား ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)