သန်လျင်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန် ဖေဖော်ဝါရီ ၂၃

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပက်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာအသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးကြီးနှင့်လူစည်ကားရာနေရာများ ဆိုင်ကယ် TAXI ဂိတ်များတွင်ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ စိုးရိမ်ရန်မလို၊ ပြည်သူ့စစ်မှုထမ်းဥပဒေအစရှိသည့်တို့ပါဝင်ကြောင်း သိရသည်။

လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို သန်လျင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးအာကာထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောင်းဒန်နှင့်တပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များက စျေးရောင်းစျေးဝယ်ပြည်သူများ ခရီးသွားပြည်သူများလက်ဝယ်အရောက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်ဆက်)