သတင်းများ

မိုင်းဆတ်မြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ
Feb 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များ သိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ၁၉ ကြိမ်မြောက် မိသားစု ထမနဲထိုးပြိုင်ပွဲ ကျင်းပ
Feb 24,2024
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ (၁၉) ကြိမ်မြောက် မိသားစု ထမနဲထိုးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၆×၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်း ယမန်နေ့ ညနေ (၄) နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ကရသူရိမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ (Grade -5/ 9)အတန်း နှစ်ဆုံးခရိုင်စစ်/ တိုင်းစစ်စာမေးပွဲ စတင်ဖြေဆို
Feb 24,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(Grade -5)နှင့်(Grade -9)အတန်း ကျောင်းသား/ သူများ၏ နှစ်ဆုံး ခရိုင်စစ်/ တိုင်းစစ်စာမေးပွဲကြီးကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ခြင်း၏အကျိုး ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 23,2024
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ခြင်း၏အကျိုး ဆောင်းပါးဖြင့် ဖေဖော်ဝါရီလ(၂၃)ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Feb 23,2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက “ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲ” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နေ့လယ်  ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ် ခဲ့သည်။
ပျော်ဘွယ်မြို့နယ်၊ ကျူတောဝကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ
Feb 23,2024
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပခြင်းကို ဖေဖော်ဝါရီလ(၂၃)ရက်၊ နံနက်(၉)နာရီက ကျူတောဝကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ  နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူရက်တွင် အာဟာရဒါနများ ထောက်ပံ့ပေးအပ်
Feb 23,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများ ပင်စင်ထုတ်ယူသည့်‌နေ့တွင် အာဟာရဒါနများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်စီးပွားရေးဘဏ် ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပွားစေရန်၊ မီးဘေးလုံခြုံရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်(၁၁)နာရီခွဲအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။