တွန်းဇံမြို့ လူထုအ‌ခြေပြုဗဟိုခန်းမ၌ စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲ ပြုလုပ်

တွန်းဇံ ဖေဖော်ဝါရီ ၂၃

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်သည့် အလေ့အထ ရရှိလာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယနေ့ နေ့လည်(၁၁) နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာတွင် ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသည့် အတွေးမှန်ကူကွက်များစာအုပ်မှ "ကိုယ်ရည်ကိုယ်သွေးမွေးလို့ရတယ်" ခေါင်းစဉ်ကို ဦးထောင်းခန့်ကျင့် (Book Club ) အဖွဲ့ဝင်က ဖတ်ကြားဆွေးနွေးပြီးနောက် ဒေါ်နန်လျန်းကျိန်က "ရှင်သန်နေမှ ဂုဏ်ယူထိုက်သည့် သက်တမ်းဖြစ်မည်" ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရာတွင် (Book Club) အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများက မိမိတို့၏ ဘဝရှင်သန် ရပ်တည်မှုတွင် ကိုယ်ရည်ကိုယ်‌သွေး မြှင့်တင်နိုင်ဖို့ စာဖတ်သည့် အလေ့အကျင့်ပြုလုပ်ပြီး  မိမိတို့၏ ကိုယ်ရည်ကိုယ်သွေးကို မည်သို့ မွေးမြူသင့်သည်ကို အချင်းချင်း ဖလှယ်၍ အပြန်အလှန် ဆွေးနွေး‌ခဲ့ကြကြောင်း သိရသည်။

ဇိုဇွန်းပါလ်(ပြန်/ဆက်)