သတင်းများ

ဆွမ်ပရာဘွမ်မြို့နယ် စာစစ်ဌာနများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ စတင်ဖြေဆို
Feb 23,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှစ၍ ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ချိန်တွင် Grade-5 နှင့် Grade-9 အင်္ဂစာဘာသာရပ်များ ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ ရုံးဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသ
Feb 23,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ ရုံးဌာနများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၌ နွေစပါးအထွက်နှုန်းတိုးတက်ကောင်းမွန်စေရေး စိုက်နည်းစနစ် ပြောင်းလဲပြုပြင်မှုများအား ကွင်းဆင်းကြည့်ရှု
Feb 23,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ နွေစပါးအတွက်နှုန်း တိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ ရေသွင်းပျိုးထောင်ထားရှိသည့် နွေစပါးမျိုးများ စိုက်ပျိုးထားရှိမှုများကို ယနေ့နံနက် ၁၀ နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာန၏ စံပြစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Feb 23,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်၌ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေများဖတ်ရှုခြင်းဖြင့် စာပေ၏အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Women Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Women Club အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။
နွေရာသီကျောင်းပိတ်ရက်၌ သာစည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပန်းချီအခြေခံသင်တန်း အခမဲ့ဖွင့်လှစ်မည်
Feb 23,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ လူငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုပြီး ဖွံ့ဖြိုးတိုးတက်စေရန် မတ်လ ၄ ရက်နေ့မှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အလယ်တန်း အဆင့်အခြေခံပန်းချီရေးဆွဲနည်း အခမဲ့သင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် နတ်စိမ်းကျေးရွာတွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Feb 23,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု နတ်စိမ်းကျေးရွာတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။
ရွှေဘိုမြို့နယ်ရှိစာစစ်ဌာနများ၌ Grade-5 နှင့် Grade-9 အစိုးရစစ်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား အေးချမ်းစွာဖြေဆို
Feb 23,2024
စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-5 နှင့် Grade-9 အစိုးရစစ်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကိုယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက် ရှိကြောင်းသိရသည်။