မော်လိုက် ဖေဖော်ဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေနံနက် (၀၉:၃၀)နာရီအချိန်က ခရိုင်အမျိုးသမီးရေးရာရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို (၂၁.၂.၂၀၂၄)ရက်နေ့မှ (၂၂.၂.၂၀၂၄)ရက်နေ့အထိ နိုင်ငံဝန်ထမ်းပင်စင်စား (၄၁)ဦးတို့ကို ဆီးချို သွေးချို စမ်းသပ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးများအခမဲ့ပေးဝေခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ နိုင်ငံ့ဝန်ထမ်းပင်စင်စားများ ကျန်းမာစောင့်ရှောက်ပေးမှုများကို ပင်စင်လစာထုတ်ရက်နေ့များတွင် လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာလင်းအောင်ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)