သတင်းများ

ဆဋ္ဌမအကြိမ် ရန်ကုန်တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် (ပဥ္စမ) နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားကျင်းပ
Feb 26,2024
ရန်ကုန်တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ အဋ္ဌမအကြိမ် တိုင်းသံဃာ့ဝန်ဆောင် (ပဥ္စမ) နှစ်ပတ်လည်အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးသံဃာ့နာယက အဖွဲ့ရုံးဝင်းအတွင်းရှိ မင်္ဂလာဈေးဓမ္မာရုံ၌ ကျင်းပခဲ့သည်။
မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကမ်းနားလမ်းတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 26,2024
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများနှင့် ပြည်သူလူထုအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ တိုးပွားလာစေရန်အတွက် ပညာပေး ဟောပြော‌ဆွေးနွေးပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ မွန်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းထက် ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်းတွင် အစိုးရ စက်မှု/လက်မှု သိပ္ပံ (မော်လမြိုင်)၌ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲ ကျင်းပ
Feb 26,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲကို လှိုင်းဘွဲမြို့ (က) ရပ်ကွက် ပြည်သူ့ပန်းခြံရှေ့တွင် ယနေ့ နံနက် (၈) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၁) မြို့မဈေးကြီး၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်
Feb 26,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ပလတ်စတစ်ပစ္စည်းများ လျှော့ချသုံးစွဲနိုင်ရေးနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရေးတို့အတွက် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီး၌ ကွင်းဆင်းဆောင်ရွက်ကြသည်။
သရက်ချောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် ဝေါလ်ဗွီရှင် (မြန်မာ) အဖွဲ့မှ လှူဒါန်းသည့် မွေးကင်းစကလေး အသားဝါ ရောဂါကု မီးရောင် ခြည်စက် ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပ
Feb 26,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် ဝေါလ်ဗွီရှင် (မြန်မာ) အဖွဲ့မှ လှူဒါန်းသည့် မွေးကင်းစကလေးအသားဝါ ရောဂါကု မီးရောင်ခြည်စက် ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မုဒုံမြို့နယ်တွင် ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိ​ပြီး စျေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေ
Feb 26,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျေးရွာများတွင် ဖရဲစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိကာ ဖရဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ DLMS အသုံးပြုနည်း သင်းတန်းပို့ချ
Feb 26,2024
ပြည်သူ့စာကြည့်တိုက် စာအုပ်စာစောင်များ စနစ်တကျ ရှိစေရေးနှင့် စာငှားစနစ်တကျ ရှိစေရန် DLMS ဆော့ဝဲအသုံးပြုနည်း သင်တန်းကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
သပိတ်ကျင်းမြို့(မြို့မ)ရဲစခန်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Feb 26,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့ (မြို့မ)ရဲစခန်းတွင် ဆောင်ရွက်ခဲ့သည်။