ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား Biometric အချက်အလက်များနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင် ဇူလိုင် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် နိုင်ငံ့၀န်ထမ်းပင်စင်စား(အငြိမ်းစား)များအား ဇီ၀ဆိုင်ရာအချက်အလက်(Biometric)များကောက်ယူခြင်းနှင့်   UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို  ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ပြင်ဦးလွင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ၀န်ထမ်းများက နိုင်ငံ့၀န်ထမ်းပင်စင်စား (အငြိမ်းစား) များအား ဇီ၀ဆိုင်ရာအချက်အလက်များ (Biometric) ကောက်ယူခြင်းနှင့် UID နံပါတ်များ ဆောင်ရွက်ပေးပြီးပင်စင်စား (အငြိမ်းစား)များအား ဇီ၀ဆိုင်ရာအချက်အလက်များကောက်ယူခြင်းနှင့်   UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ခရိုင်  (ပြန်/ဆက်)