သတင်းများ

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်
Mar 05,2024
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ (၄)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းဝေး(၁/၂၀၂၄) ကျင်းပ ပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လယ်ယာမြေကိုခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကိုဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP) ရှင်းလင်းပွဲ လုပ
Mar 05,2024
လယ်ယာမြေကိုခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (Standard Operating Procedure–SOP) ရှင်းလင်းပွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်  မတ်လ(၄)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် မော်ဒန်ပန်းချီ ဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ်ပို့ချ
Mar 05,2024
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပန်းချီဆွဲနည်းသင်တန်းနှင့် မော်ဒန်ပန်းချီဆွဲနည်းသင်တန်းတို့ကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အခမဲ့ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) ဖွင့်လှစ်
Mar 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို လှိုင်းဘုန်းကျေးရွာရှိ ချမ်းမြေ့ရတနာခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာအစိုးရပါဠိပထမပြန်စာမေးပွဲနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရွှေမုဋ္ဌောဘုရား နန်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။          
ဟိုမိန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 05,2024
ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ဟိုမိန်းမြို့မဈေးနှင့် လူစည်ကားရာနေရာများ ဈေးရောင်းဈေးဝယ်ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့သည်။
မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး ဝင်ရောက်ဖြေဆိုမည်
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မတ် ၁၁ ရက်မှ ၁၉ ရက်‌နေ့အထိ ကျင်းပပြုလုပ်မည့်  တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့်  ကျောင်းသား/ ကျောင်းသူ  ၁၈  ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။   
တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) သူငယ်တော်တွင် ပြုပြင်ခြင်းလုပ်ငန်းပြီးစီး
Mar 05,2024
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သူငယ်တော်ကျေးရွာတွင် ကျောင်းသား/သူများ အေးခမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဟောင်းများအား ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်းသိရသည်။