မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) ဖွင့်လှစ်

မော်လမြိုင်ကျွန်း မတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဥ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို လှိုင်းဘုန်းကျေးရွာရှိ ချမ်းမြေ့ရတနာခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သင်ဖွင့်လှစ်ရခြင်း ရည်ရွယ်များပြောကြားရာ သင်တန်းကာလအတွင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဝေါဟာရများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစက်ဝန်း၊ ထိခိုက်ခံရ လွယ်မှု၊ ထိတွေ့နိုင်ခြင်းနှင့်ထိခိုက်ဆုံးရှုံးနိုင်ခြေတို့၏ သက်ရောက်မှု၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းကြီး ခုနှစ်ရပ်အကြောင်း၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးလျော့ပါးရေး၊ ပြန်လည်ထူထောင်ရေး စသည့်သင်ခန်းစာအကြောင်းအရာများကို  သင်တန်းကာလ (၄-၃-၂၀၂၄)မှ (၆-၃-၂၀၂၄) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ အတွင်းရေးမှူး ရဲမှုးမိုးစိန်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်မနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)