မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လယ်ယာမြေကိုခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကိုဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP) ရှင်းလင်းပွဲ လုပ

ချမ်းအေးသာစံ မတ် ၅

လယ်ယာမြေကိုခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (Standard Operating Procedure–SOP) ရှင်းလင်းပွဲလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်  မတ်လ(၄)ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှလယ်ယာမြေပေါ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကိုဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ထုတ်ပြန်သည့် စံပြုလုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ တာဝန်ယူဆောင်ရွက်သည့် ကဏ္ဍများအလိုက် အလေးထားကြပ်မတ်ကာ ထိရောက်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ နောင်ထပ်မံမဖြစ်ပွားရေး မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်သည့်အခြေအနေများကို အချိန်နှင့်တပြေးညီတင်ပြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများလျော့နည်းမှု မဖြစ်ပေါ်စေရေး လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုသူများနှင့်ပါဝင်ပတ်သက်သူများကို စိစစ်ကာ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်သည့်လယ်ယာမြေပေါ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန်ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP)အား အသေးစိတ်ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးသို့ တက်ရောက်လာကြသူများနှင့်  Online ဖြင့် တက်ရောက်ကြသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကဏ္ဍများအလိုက် တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်