ကလောမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကလော ဇန်နဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ကလောတပ်နယ်မှူး၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ကလောမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ကလောတပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များက ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်ရှိ မယ်ခိုတောင်ဘုန်းတော်ကြီးကျောင်းနှင့် ဂန္ဓရုံဘုန်းတော်ကြီးကျောင်းတို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများ၊ ကလောမြို့ နှီးဘုရားဘုန်းတော်ကြီးကျောင်းနှင့် ရှင်ကတ်သရင်း ခရစ်ယာန်ကျောင်းတို့တွင် နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရမှ ထောက်ပံ့သည် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်ထုပ်၊  ကြက်ဥ၊ ဆပ်ပြာခဲနှင့် ကျား၊မ ဝတ်အင်္ကျီများကို အိမ်ထောင်စု (၄၆၆) စု၊ လူဦးရေ (၂၅၈၁) ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)