စလင်း ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ယခုနှစ်ဝါသီးနှံအား လျာထားဧက(၂၅၇၄၂)ထက်ကျော်လွန်၍ (၂၇၆၅၃)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဝါသီးနှံပေါ်ချိန်မှ ယနေ့အထိ ဝါတစ်ပိသာလျှင် ငွေကျပ်(၃၄၀၀)ကျပ်ဖြင့်ရောင်းချရကြောင်းကို ဝါစိုက်တောင်သူ အင်ကြင်းပင်လှကျေးရွာနှင့် ဒေသခံတောင်သူများထံမှသိရှိရ၍ ယခုနှစ်တွင်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ အင်ကြင်းပင်လှကျေးရွာအုပ်စုနှင့် ဝါစိုက်ပျိုးသည့်ကျေးရွာအများစုတွင် ဒီဇင်ဘာလအတွင်းမှစတင်ကာ ရွှေတောင်(၁၀၊ ၁၁)ချည်မျှင်ရှည်ဝါများကို စတင်ဆွတ်ခူးကြပြီး ယနေ့အထိဝါများ လှိုင်လှိုင်ထွက်ရှိချိန်၌ ဝါစိုက်တောင်သူများ စတင်ဆွတ်ခူးကြရကာ စျေးကွက်အတွင်း ကာလပေါက်စျေးတစ်ပိသာကို ငွေကျပ်(၃၄၀၀)စျေးနှုန်းဖြင့်ရောင်းချရကြောင်း ပြီးခဲ့သည့်နှစ်တွင် ဝါတစ်ပိသာကို(၂၇၀၀)ကျပ်ဖြင့်ရောင်းချရကာ ယခုနှစ်တွင်ပို၍ အမြတ်အစွန်းရရှိခဲ့ကြသည် တောင်သူများဝါစိုက်ပျိုးစရိတ် တစ်ဧကကိုငွေကျပ်(၄)သိန်းဝန်းကျင်ခန့်ကုန်ကျခဲ့သော်လည်း ယခုနှစ်တွင် ဝါစိုက်တောင်သူများအနေဖြင့် ဝါစိုက်ပျိုးရောင်းချရ၍ အကျိုးအမြတ်များရရှိကာ အဆင်ပြေကြကြောင်း အင်ကြင်းပင်လှကျေးရွာ တောင်သူဦးကျော်နိုင်ထံမှ သိရှိရသည်။
ယခုနှစ်ဝါများခူးဆွတ်ချိန် ကျေးလက်နေပြည်သူများအဖို့ အလုပ်အကိုင်အခွင့်အလမ်းရရှိကြ၍ ဝါခူးဆွတ်သူတစ်ဦးလျှင် တစ်နေ့ကို ၈ ပိသာမှ ၁၀ ပိသာအထိ ခူးဆွတ်နိုင်ကြ၍ လုပ်အားခဖြင့်အဆင်ပြေကြောင်းဖြင့် ရွှေတောင် ၁၀၊ ၁၁ ချည်မျှင်ရှည်ဝါတစ်ဧကို ပျမ်းမျှပိသာချိန်(၇၀၀)ကျော် ထွက်ရှိကြောင်းဖြင့် ယနေ့အထိနေရာဒေသအလိုက် ခူးဆွတ်ကြကြောင်း အင်ကြင်းပင်လှကျေးရွာအုပ်စုတွင်(၁၅ ဧကစိုက်ခင်းနှင့် ဧကအများအပြားစိုက်ပျိုးနိုင်ခဲ့ပြီး စလင်းမြို့နယ်အတွင်း ဝါစိုက်ပျိုးရန်လျာထားဧက(၂၅၇၄၂)၊ စိုက်ပျိုးပြီးဧက(၂၇၆၅၃)ဧကနှင့် ဇန်နဝါရီလ(၂၀)ရက်နေ့အထိ ရိတ်သိမ်းခူးဆွတ်ဧကပေါင်း(၂၅၈၇၆)ပြီးစီးကြောင်းနှင့် တစ်ဧကိုဝါအထွက်နှုန်း (၆၄၇.၆၀ပိသာ)ထွက်ရှိ၍ ယခုနှစ်တွင် ဝါစိုက်တောင်သူများ အဆင်ပြေ၍ဝင်ငွေတိုးကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
(မောင်လွင်)စလင်း