လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ" ဆောင်ရွက်

ပြည် ဇန်နဝါရီ ၂၀

ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဘက်စုံဖွံ့ဖြိုးရေး “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့အ.ထ.က(၅)ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ မောင်နေခြည် (ပြည်)က "စာဖတ်ကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာ ချစ်ဖူးဝေ (မြန်မာစာ) "သုတရသ ရစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင် ဆရာတော် ဦးဝိလာသ (ကဗျာဆရာ  ကနောင်နိုင်နွယ်ဦး) က  "ကောင်းကျိုးကိုယ်၌တည်စေမင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောဆွေးနွေးကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် နယ်လှည့်ရွေ့လျား စာကြည့်တိုက်ယာဉ်မှ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်

အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ မြို့နယ်စာရေးဆရာ အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် အ.ထ.က () မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)