ပန်းတောင်း ဇန်နဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်ဆောင်းရာသီ၌ ဒေသတွင်းစားသုံးဆီဖူလုံရန်နှင့် ပိုလျှံစွာဆီစားသုံးနိုင်ရေး အတွက် ဆီထွက်သီးနှံတစ်မျိုးဖြစ်သော ဆင်းရွှေကြာ(၂) နေကြာမျိုးများ စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ထောက်ရှာတန်းကျေးရွာရှိ နေကြာစိုက်တောင်သူများဖြစ်သော ဦးသိန်းထိုက်၊ ဦးသန်းစိန်၊ ဦးဝင်းနိုင်ဦးနှင့် ဦးမင်းမင်းနိုင်တို့ထံမှ သိရသည်။
ပန်းတောင်းမြို့နယ်အတွင်း၌ ဆီထွက်သီးနှံများဖြစ်သည့် မိုးနှမ်း၊ မိုးမြေပဲ၊ ဆောင်းမြေပဲများကို စိုက်ပျိုးကြသည့်အပြင် ဆင်းရွှေကြာ (၂) နေကြာကိုလည်း စီးပွားဖြစ်တောင်သူကြီးများ စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံ နေကြာသည် အခြားဆီထွက်သီးနှံများနှင့် နှိုင်းယှဉ်ကြည့်လျှင် စိုက်ပျိုးရလွယ်ကူသော သီးနှံများဖြစ်ရာ ပန်းတိုင်ထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)