မြန်အောင်မြို့ အ.ထ.က(၁) ၌ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ် လျော့နည်း ကျဆင်းစေရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး (IZal Kaeru Caravan) အသိပညာပေး ကစားခြင်းများ ဆောင် ရွက်

မြန်အောင် ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က (၁) တွင် မြန်အောင်ခရိုင်မီးသတ်ဦးစီးမှူးရုံးက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး (IZal Kaeru Caravan) အသိပညာပေးအစီအစဥ်များကို ယနေ့နံနက်က ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဦးစွာ အ.ထ.က (၁) မြန်အောင် Assembly Hall ၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး (IZal Kaeru Caravan) ပညာပေးအစီအစဥ်အခမ်းအနားကို ကျင်းပပြုလုပ်ရာ မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ထားမြင့်က ကျေးဇူးတင်အမှာစကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်က (IZal Kaeru Caravan) ပညာပေးအစီအစဥ် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်း ကျဆင်းစေရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး (IZal Kaeru Caravan) ပညာပေးအစီအစဥ် ကစားပွဲများကို ကျင်းပပြုလုပ်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား Fire target shooting game ၊ Fire Tig – Tag - Toe game ၊ Disaster life circle; Card game နှင့် Disaster prevention card game များအား ပါဝင်ကစားစေပြီး၊ အသိပညာပေးအနေဖြင့် Rope Save life ၊ Which item will you take? ၊ Blanket stretcher ၊ Making life Jacket plastic Bottle & Boots with garbage bags ၊ First AIDများအားရှင်းလင်းပြောကြားပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများ ကိုယ်တိုင်လက်တွေ့ပြုလုပ်၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

 အဆိုပါ အသိပညာပေးကစားပွဲများ ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြန်အောင်ခရိုင် ဦးစီးမှူး ဦးတင်မြိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုး၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်ထားမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကစား‌နေမှုများအား ကြည့်ရှုအားပေး၍ ဆုလက်ဆောင်များပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)