မောက်မယ်မြို့နယ်၌ ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်ထိုးနှံပေး
Feb 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး(Pfizer)ပဉ္စမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မောက်မယ်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။