သတင်းများ

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတွင်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Feb 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များကြောင့် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် (YAR)နွေစပါး စိုက်ပျိုးဆောင်ရွက်မှု လက်တွေ့သရုပ်ပြပွဲကျင်းပ
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉၄)စက်မှုလယ်ယာစခန်းတို့ပူးပေါင်း၍ လက်ဆွဲကောက်စိုက်စက်ဖြင့် ​နွေစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သဲကုန်းမြို့နယ်၊ နွယ်ကောက်ကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၊ ကွင်းအမှတ်(၉၁၃)ရှိ တောင်သူဦးမောင်ဝင်း၏ လယ်​​​မြေ(၁ဧက)တွင် (YAR)စပါးမျိုးစိုက်ပျိုး​​​ဆောင်ရွက်မှုကွင်းသရုပ်​ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အမှိုက်စနစ်တကျစွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဥတ္တရသီရိမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကော့မှူးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်
Feb 21,2024
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည ၈ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်ဆောင်ရွက်နေကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲ တက်ရောက်
Feb 21,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက် သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတက်ရောက်
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်ခရိုင် လေတပ်စခန်းဌာနချပ်မှူးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ချင်းတိုင်းရင်းသားများ၊ အနွယ်တော်တိုင်းရင်းသားများ တက်ရောက်ကြသည်။
စဉ့်ကူးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Feb 21,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက စဉ့်ကူးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းဆောင်ရွက်
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။