သတင်းများ

မိုင်းနောင်မြို့ ပင်စင်လစာများ ထုတ်ပေး
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာများကို ယနေ့နံနက်(၉) နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မိုင်းရှူးမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ် ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းကမြန် မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးခဲ့သည်။
ကံမမြို့နယ်၌ ပင်စင်လစာငွေများ ထုတ်ပေး
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ဖေဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက် ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲ စာအောင်ဆုနှင်းသဘင်ကျင်းပ
Feb 21,2024
ဗုဒ္ဓသာသနာတော် ထွန်းကားတည်တံ့ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ပရိယတ္တိသာသနာ တိုးတက်ပြန့်ပွားရေးကိုရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဉ္စနိကာယ မဟာသီဝံကျောင်းတိုက်တွင် မြို့နယ်နိကာယ်သာသနာတော် ထွန်းလင်းတောက်ပရေးအသင်းမှ ကြီးမှူး၍ (၃၁)ကြိမ်မြောက် နိကာယ်ငါးရပ်စာမေးပွဲကို ဖေဖော်ဝါရီ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီ(၁၈)ရက်နေ့အထိ (၃)ရက်တိုင် ကျင်းပ‌ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နေ့လယ်(၁)နာရီ အချိန်တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်ဆု ပေးအပ်ခြင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်သည်။
ပုဇွန်တောင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးကျင်းပ
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​​ခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် စာ​ရေးဆရာဦးခိုင်ချစ်​အောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အ​နောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်​မေသန္တာက စာဖတ်ဝိုင်းများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ကသာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သတ္တမနေ့ဖြေဆို
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်နှင့် လူမှုရေးသိပ္ပံဘာသာရပ်တို့ကို ကျောင်းသား/‌ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့ (၁၂)နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း  သိရသည်။
မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယ‌မန်နေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ “ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် မြန်မာကဗျာစာတမ်း’’ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။