ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများမီးဘေးအန္တရာယ်ကင်းရှင်းရေး ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်

ဒေးဒရဲ မတ်လ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိုနယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တပ်ဖွဲ့ဝင်များက စုပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟန်ဝင်းစိုး ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးပစ္စည်းများ ကိုင်တွယ်အသုံးပြု၍ ရေစိုလေ့ကျင့်ခန်းများကို စုပေါင်းလေ့ကျင့်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မီးသတ်ဦးစီဌာနအနေဖြင့် ပြည်သူများမီးဘေးအန္တရာယ် ကင်းရှင်းရေး၊ မီးလောင်မှုဖြစ်ပွားလာပါက အချိန်မီ ငြိမ်းသတ်နိုင်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ခန်းများကို အပတ်စဥ် စုပေါင်းလေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း