သတင်းများ

ဒေးဒရဲမြို့နယ်၌ (Grade-5)၊ (Grade-9)စာမေးပွဲ ကြီးကြပ်ရေး ဆရာ၊ ဆရာမများအား လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ ကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနက ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (Grade-5)၊ (Grade-9)စာမေးပွဲများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးရေးနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်းများကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ (Grade-5)၊ (Grade-9) စာမေးပွဲဆိုင်ရာ ကြီးကြပ်ရေး ဆရာ၊ ဆရာမများအား လုပ်ငန်းလမ်းညွှန်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက ထန်းကိုင်းကျေးရွာဘုန်းကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
နောင်ချိုမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့နယ်စာစစ်ဌာနတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်
Feb 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မြို့နယ်စာစစ်ဌာနဖြစ်သည့် အ.ထ.က(၁)တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။
ဘိုကလေးမြို့နယ်တွင် ငါးမျိုးစိုက်ထည့်ရန် အင်းသားကြီးများအား ငါးသားပေါက်များ လွှဲပြောင်းပေးအပ်
Feb 21,2024
ငါးရိက္ခာဖူလုံမှုရှိစေရေးနှင့် ငါးသယံဇာတပေါများစေရေးတို့ကို ရည်ရွယ်ကာ ယမန်နေ့နံနက်(၈)နာရီခွဲ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ၎င်းတို့၏ ရုံးဝန်းအတွင်း၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဂရန်အင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များအား အင်းသားကြီးများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။
လယ်ဝေးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 21,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနိုင်ရေး Census Unit (သန်းခေါင်စာရင်းယူနစ်) များတွင် အဆောက်အဦစာရင်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၅၅၀၆ ကြိမ်မြောက်၌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ အရုဏ်ဆွမ်းလောင်းလှူ
Feb 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ (၅၅၀၆)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယမန်နေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေများထုတ်ပေး
Feb 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ခိုလမ်မြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေး
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိ​သည်။