သတင်းများ

၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) ၉၈ ကြိမ်မြောက် ဝေဠုဝန်နိကာယ စာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်တွင် ၂၀၂၄ ခုနှစ် (၁၃၈၅ ခုနှစ်) (၉၈) ကြိမ်မြောက် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း (၄) မြို့နယ်လုံးဆိုင်ရာ ဝေဠုဝန်နိကာယစာတော်ပြန်ပွဲကြီး အောင်ဆုနှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေ့လယ်က ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကလေးဝမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြောပွဲပြုလုပ်
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆွေးနွေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့၌ "ကြိမ်၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ဖွင့်လှစ်
Feb 21,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးတိုင်းဒေသကြီးအသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကကြီးမှူး၍ “ကြိမ်၊ ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်း” ကို ယမန်နေ့မှစတင်၍ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်လျက်ရှိသည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၄)ဆင်းပွဲကျင်းပ
Feb 21,2024
လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တကျလေ့လာကာ ကျွမ်းကျင်တတ်မြောက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သော ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်(၁/၂၀၂၄)ဆင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက်မွန်းလွဲ ၁ နာရီကကျင်းပသည်။
နာဂဒေသ၊ ပန်ဆောင်မြို့၌ (၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ယမန်နေ့နံနက်(၁၀)နာရီတွင် မဟာသန္တိကရစေတီတော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Feb 21,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။
ရွှေတောင်မြို့နယ်တွင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းကုသပေးခြင်းများ ဆောင်ရွက်
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit ဖြင့် ကွင်းဆင်းကုသပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အမှတ် (၁)၊ အထည်စက်ရုံ (ရွှေတောင်) ရှိ အာမခံအလုပ်သမားများအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။