သတင်းများ

ရွှေတောင်မြို့နယ်တွင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းကုသပေးခြင်းများ ဆောင်ရွက်
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit ဖြင့် ကွင်းဆင်းကုသပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အမှတ် (၁)၊ အထည်စက်ရုံ (ရွှေတောင်) ရှိ အာမခံအလုပ်သမားများအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက် ကုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေး၍  ကျန်းမာ ရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်
Feb 21,2024
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာ ခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာ ထုတ်ယူကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးခြင်းဆောင်ရွက်
Feb 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ လာရောက်ထုတ်ယူကြသည့် မြို့နယ်အတွင်းရှိ (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား)ပင်စင်စားများအား အခမဲ့ကျန်းမာရေး စမ်းသပ်စစ်ဆေးပေးခြင်းလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနွေးဟေမာသင်းနှင့် သားဖွားဆရာမများက ယနေ့နံနက် ၈ နာရီအချိန်မှစ၍ မြန်မာ့စီးပွားရေးဘဏ်အတွင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) ပျဉ်းမနား၌ လက်တွ့အသုံးချဓာတ်ပုံပညာသင်တန်း (အခမဲ့)ဖွင့်လှစ်မည်
Feb 21,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လက်တွေ့အသုံးချဓာတ်ပုံပညာသင်တန်းအား မတ်လ ၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့တိုင်း နံနက် ၉ နာရီမှ ၁၁နာရီအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။
ကာလိမြို့၌ မီးဘေးကြိုတင်ကာကွယ်‌ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Feb 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မတော်တဆမှုများနှင့်ပတ်သက်သည့် လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး နွေရာသီကာလရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် မီးသတ်ဦးစီးဌာနနှင့် ကာလိမြို့ စည်ပင်သာယာရေးဦးစီးဌာနအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ယနေ့နေ့လယ် (၁) နာရီအချိန်က ကာလိမြို့မစျေး၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများ စတင်သိမ်းဆည်း၊ တစ်ဧက ပိဿာချိန် ၅၃၀၀ ထွက်ရှိ
Feb 21,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းကြက်သွန်နီ ၁၁၂၅ ဧက စိုက်ပျိုးထားရှိကာ နှုတ်သိမ်းချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဇန်နဝါရီလ တတိယပတ်လောက်ကစတင်၍ နှုတ်သိမ်းလျက်ရှိရာ ယနေ့အထိ ဆောင်းကြက်သွန်နီစိုက်ဧက ၂၉၄ ဧက ပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧက ကြက်သွန်နီပိဿာချိန် ၅၃၀၀ ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။