သတင်းများ

တာမွေမြို့နယ်၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသစ်ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Feb 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို၏စီစဉ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးဥပဒေချုပ်ရုံးတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူနေသည့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အသစ်ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံသင်တန်းများ အခမဲ့ဖွင့်လှစ်မည်
Feb 21,2024
နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များအသိပညာ ဗဟုသုတများတိုးပွားပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် နှင့်ဒေသတွင်းလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြင်ပပညာရှင်များ ပူးပေါင်း၍ နွေရာသီအခြေခံသင်တန်းများ (အခမဲ့)ကို လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေး
Feb 21,2024
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား လက်လှမ်းမီရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကုသရေးဦးစီးဌာန၊ ခုတင် (၁၀၀) ဆံ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက် (၉) နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သတ္တမနေ့ဖြေဆို
Feb 21,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်း များအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်နှင့် လူမှုရေးသိပ္ပံဘာသာရပ်တို့ကို ယမန်နေ့ နေ့တည့် (၁၂) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်စိုက်ပျိုးရေးအခြေခံအချက်များနှင့် စိုက်နည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေးတို့အတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ကွင်းဝန်ထမ်းများက နွေစပါးစိုက်ကွင်းများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယနေ့နံနက် ၈ နာရီမှစ၍ ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် မီးဘေးလုံခြုံရေးကွင်းဆင်းဆောင်ရွက်
Feb 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် အသိ ပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက ပန်းတောကြီးကျေးရွာ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။
နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Feb 21,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီကပြုလုပ်ခဲ့သည်။