တနင်္သာရီ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ လာရောက်ထုတ်ယူကြသည့် မြို့နယ်အတွင်းရှိ (နိုင်ငံ့ဝန်ထမ်းအငြိမ်းစား)ပင်စင်စားများအား အခမဲ့ကျန်းမာရေး စမ်းသပ်စစ်ဆေးပေးခြင်းလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနွေးဟေမာသင်းနှင့် သားဖွားဆရာမများက ယနေ့နံနက် ၈ နာရီအချိန်မှစ၍ မြန်မာ့စီးပွားရေးဘဏ်အတွင်း ဆောင်ရွက်ပေးကြကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ပင်စင်လစာထုတ်ယူခွင့်ရှိသည့် အငြိမ်းစားပင်စင်စားဦးရေမှာ(၄၇၀)ဦးရှိပြီး ယနေ့တွင် ပင်စင်လစာငွေလာရောက်ထုတ်ယူကြသည့် အငြိမ်းစားပင်စင်စားများအနက် ကျား (၂၅)ဦးနှင့် မ(၁၆)ဦး၊ စုစုပေါင်း(၄၁)ဦးတို့အား အသက်ကြီးကျန်းမာရေးစောင့်မှုအနေဖြင့် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အထွေထွေရောဂါများကို စမ်းသပ်စစ်ဆေးပေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့ထုတ်ပေးကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ မြန်မာ့စီးပွားရေးဘဏ်အတွင်းပင်စင်စားများကို ပင်စင်လစာထုတ်ပေးနေမှုနှင့် ကျန်းမာရေး စမ်းသပ်စစ်ဆေး စောင့်ရှောက်ပေးနေမှုနှင့် လိုအပ်သည့်ဆေးဝါးများအခမဲ့ထုတ်ပေးနေမှုများကို တနင်္သာရီမြို့နယ်၊ အမှတ်(၂) စစ်နယ်မြေမှူးဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းတို့က ရင်းရင်းနှီးနှီး နှုတ်ဆက်အား ပေးစကားပြောကြားကြကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)