အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေး

ဖြူး ဖေဖော်ဝါရီ ၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား လက်လှမ်းမီရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်ကုသရေးဦးစီးဌာန၊ ခုတင် (၁၀၀) ဆံ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက် (၉) နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှု​ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ လစာလာထုတ်ချိန်တိုက်၍ မြို့နယ်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ အောင်ကျော်မိုး၊ ဆရာဝန်၊ ဆရာမများက ယခင်လူနာဟောင်းများအပါအဝင် လူနာသစ်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်ပေးခြင်း၊ ကုသပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး အဓိကကျန်းမာရေးစောင့်ရှောက်ပေးရသည့် ရောဂါများမှာ ဆီးချို၊ သွေးတိုး၊ အဆုတ်ရောင်၊ အာရုံကြောအားနည်း၊ မျက်စိအားနည်းရောဂါများဖြစ်ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအား ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးစောမင်းသူနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး အာဟာရအဖြစ် မုန့်များ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)