ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆက်လက်ဆောင်ရွက်

ပေါင်းတည် ​ဖေဖော်ဝါရီ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ အငြိမ်းစားဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ယနေ့နံနက် ၈ နာရီမှစ၍ ယခုလအတွက် ဆက်လက်ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရမှ ဦးဆောင်ညွှန်ကြားမှုနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး​​​ ဒေါ်သန်းသန်းချစ်က အနီးကပ်ကြီးကြပ်ကာ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းဟောင်းများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ​ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

ယခုလတွင် အငြိမ်းစားဝန်ထမ်းသစ် ၁ ဦးနှင့် ယခင်အစောင့်အရှောက်ခံ အငြိမ်းစားဝန်ထမ်းဟောင်း ၉၈ ဦး၊ စုစုပေါင်း ၉၉ ဦး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း၊ ထိုလုပ်ငန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ၂၂ ရက်မှစတင်၍ လစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သူရကြီး (ပြန်/ဆက်)