မုံရွာမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲ သတ္တမနေ့ဖြေဆို

မုံရွာ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအတန်းများအတွက် နှစ်ဆုံးစာမေးပွဲ သတ္တမနေ့တွင် သိပ္ပံဘာသာရပ်နှင့် လူမှုရေးသိပ္ပံဘာသာရပ်တို့ကို ယမန်နေ့ နေ့တည့် (၁၂) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်အတွင်းတွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ စာစစ်ဌာနများအလိုက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ Grade-10, Grade-11 နှင့် Grade-12 အထက်တန်းအဆင့် နှစ်ဆုံးစာမေးပွဲဖြေဆိုခွင့်ရှိသူ (၁၅၄၃)ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၁၅၀၃)ဦး ဖြေဆိုရာ ဖြေဆိုရာနှုန်း (၉၇)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းထံမှ သိရသည်။

အခြေခံပညာကျောင်းများအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ Grade-10, Grade-11 နှင့် Grade-12 အထက်တန်းအဆင့် နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)