သတင်းများ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရေလှောင်ကန်ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပေးဝေမှုအခြေအနေနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Jun 09,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်နေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်၊ ဂျိူးဖြူရေလှောင်ကန် ကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှု၊ ရေပေးဝေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မင်းဘူးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဧကာဒသမအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Jun 09,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာများနှင့် သီလရှင်ဆရာလေးများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများ ချီးမြင့်ဆက်ကပ်လှူဒါန်းသည့် ဧကာဒသမ အကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မင်းဘူးမြို့ သာသနာ့ ဗိမာန်တော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်(၇)နာရီအချိန်မှစတင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီမှ အများပြည်သူဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ဆန်၊ ဆီ၊ ကြက်ဥနှင့်ဘဲဥတို့ကို ဈေးနှုန်းသက်သာစွာဖြင့် မဟာဗန္ဓုလ(၁၁)လမ်းထောင့်၊ မြို့မဈေးထိပ်၌ လက်လီရောင်းချပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် မူလတန်းလွန်ကျောင်း(ဟိုရင်)တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Jun 09,2025
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ် မူလတန်းလွန်ကျောင်း(ဟိုရင်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jun 09,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ တိုင်းငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jun 09,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Jun 09,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်သမဝါယမအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှု‌‌ဖြစ်ပွား
Jun 09,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊‌ ပိတောက်ပင်စုကျေးရွာတွင် ယမန်နေ့နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ပန်းလှိုင်မြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းမှ အလျား(၅၀)ပေ၊ အနံ(၂၀)ပေခန့်ပြိုကြမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။